အမျိုးသားကန်တော်ကြီးဥယျာဥ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကဗျာ၊ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲကျင်းပ
(၃၀.၁၁.၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀နာရီတွင် ပြင်ဦးလွင်မြို့၊အမျိုးသားကန်တော်ကြီးဥယျာဥ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကဗျာ၊ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲအား အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲအခမ်းအနားသို့ ပြင်ဦးလွင်မြို့နယ်အတွင်းရှိပုဂ္ဂလိကကိုယ်ပိုင်ကျောင်း(၁၁) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (၁၃)ကျောင်း နှင့် အခြေခံပညာ အလယ်တန်းကျောင်း(၇)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၇၀)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ကြခဲ့ကြကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေမှူး၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ၊ မန္တလေးတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ပြင်ဦးလွင်ခရိုင်ပညာရေးမှူး၊ ပြင်ဦးလွင်ခရိုင်အဆင့် ဌာနဆိုင်ရာများ တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။