အာရှဒေသအဆင့်သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း၏ စီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်များဆိုင်ရာ အဆင့်မြင့်အစည်းအဝေးကျင်းပခြင်း

(၁၁-၁-၂၀၂၄)ရက်၊ နံနက်(၀၈:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ အာရှဒေသအဆင့်သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၏ စီမံအုပ်ချုပ်လုပ်ငန်း စဉ်များဆိုင်ရာ အဆင့်မြင့်အစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးနှင့် တာဝန်ရှိသူများ၊ အာရှအဆင့်သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO-RETC)၏ Head ဖြစ်သူ Dr.Lee Yeong Joo၊ Ms.Ryang Soozin နှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် AFoCO-RETC သင်တန်းကျောင်း၏ စီမံအုပ်ချုပ်မှုမြှင့်တင်ခြင်း၊ လေ့ကျင့်ရေးသင်တန်းများနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်၊ RETC သင်တန်းကျောင်၏ လုပ်ငန်းစဉ်များနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ မြန်မာနိုင်ငံနှင့် AFoCO-RETC သင်တန်းကျောင်းတွင် စီမံကိန်း လုပ်ငန်းများ၊ မြန်မာနိုင်ငံ၌ AFoCO Secretariat နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်မှု၊ တိုးတက်မှုအခြေအနေများနှင့် စောင့်ကြည့်အကဲဖြတ်ခြင်းဆိုင်ရာများကို ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်းနှင့် တောမီးကြံ့ကြံ့ခံနိုင်ခြင်း၊ ဒေသခံများ၏ လူမှုစီးပွားနှင့် ဈေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းမှ ဆောင်ရွက်မည့် သစ်တောစိုက်ခင်းတည်ထောင်မည့် မြေနေရာနှင့်တောမီးစောင့်ကြည့် လေ့လာရေး မျှော်စင်တည်ဆောက်မည့်နေရာအား ဆွေးနွေးအတည်ပြုခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Wednesday, January 22, 2025 - 05:00