သစ်တောနယ်မြေများအတွင်း ရွှေနှင့်သတ္တုအမျိုးမျိုးတူးဖော်ထုတ်လုပ်ခြင်းနှင့် လမ်းခင်းကျောက်တူးဖော်ထုတ်လုပ်ခြင်းများဆောင်ရွက်နေသည့် လုပ်ကွက်များအတွက် ၂ဝ၂၅ ခုနှစ် မိုးရာသီတွင် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများ အချိန်မီ တည်ထောင်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအ
သစ်တောနယ်မြေများအတွင်း ရွှေနှင့်သတ္တုအမျိုးမျိုးတူးဖော်ထုတ်လုပ်ခြင်းနှင့် လမ်းခင်း ကျောက်တူးဖော်ထုတ်လုပ်ခြင်းများဆောင်ရွက်နေသည့် လုပ်ကွက်များအတွက် ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများ အချိန်မီ တည်ထောင်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို (၁၈-၁၂-၂၀၂၄) ရက်နေ့ နံနက် (၁၁:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာနနှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူများ၊ သစ်တောမြေတွင် သတ္တုတူးဖော်သည့် ကုမ္ပဏီ (၁၂) ခုမှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၁) သတ္တုတွင်းလုပ်ငန်း အထွေထွေမန်နေဂျာ၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာတို့မှ သစ်တောမြေအတွင်း သတ္တုတူးဖော်ထုတ်လုပ်နေသည့် လုပ်ကွက်များမှ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း တည်ထောင်စိုက်ပျိုးပေးရမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေး မှူးချုပ် (မူဝါဒနှင့်စီမံကိန်း)က ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများ တည်ထောင်ရန်နှင့် ပတ်သက်၍ ကုမ္ပဏီအလိုက် ဆောင်ရွက်ရမည့်ဧရိယာနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပါသည်။ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်သစ်တောဦးစီးဌာနအသီးသီးမှ ကိုယ်စားလှယ်များက ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဂေဟစနစ်စိုက်ခင်း တည်ထောင်ရန် မြေနေရာရွေးချယ်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ကုမ္ပဏီများမှ ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဂေဟစနစ် ဖြည့်တင်းရေး စိုက်ခင်း တည်ထောင်နိုင်မည့် အခြေအနေအား ဆွေးနွေးတင်ပြမှုအပေါ် တက်ရောက်လာသူ များမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြကြောင်း သတင်းရရှိရပါသည်။





