တောခေါင်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
သစ်တောဦးစီးဌာန၊ ဗဟိုသစ်တောလုပ်ငန်း ဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန၊ မှော်ဘီမြို့၌ တောခေါင်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်(၃) သင်တန်းအား (၉.၁၂.၂၀၂၄)ရက်နေ့မှ (၂၀.၁၂.၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်ပို့ချဆောင်ရွက်လျက်ရှိရာ (၂၀.၁၂.၂၀၂၄)ရက်၊ ညနေ(၀၃:၀၀)နာရီအချိန်တွင် အဆိုပါ တောခေါင်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊ ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဝေမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းကာလအတွင်းထူးချွန်ဆုရရှိခဲ့သူများအား သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ သင်တန်းသို့ တောခေါင်းအဆင့် သင်တန်းသား (၂၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။