သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၂၃-၁၂-၂၀၂၄) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်းမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဦးတင်မိုး (ဒုတိယညွှန်ကြားရေးမှူး၊ ဝန်းကျင်/သားငှက်ဌာန)မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးနိုင်မှ နေပြည်တော်၊ ရုံးအမှတ် (၁၉)တွင်ပြုလုပ်သည့် ဥပဒေအသိပညာပေးခြင်းဆိုင်ရာသင်တန်း(၁/၂၀၂၄)တက်ရောက်မှုအား ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-01-22_06-36-58-122.jpg?itok=9vpd2K5w)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-01-22_06-36-58-153.jpg?itok=NdGzKiPL)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-01-22_06-36-58-173.jpg?itok=a6qUXSk-)
date:
Wednesday, January 22, 2025 - 06:45