သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ခြင်း (ဒါဘာ)ကျင်းပ
(၂၇-၁၂-၂၀၂၄)ရက်၊ သောကြာနေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများဆန္ဒဖော်ထုတ်ခြင်း (ဒါဘာ)ပွဲပြုလုပ်ဆောင်ရွက်ရာညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးရုံးချုပ်ဌာနများမှ ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပေးပို့တင်ပြခဲ့သည့် ဝန်ထမ်းများ၏ဆန္ဒပြုလွှာများနှင့် ဌာနအလိုက် ဆွေးနွေးတင်ပြမှုများအပေါ်ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-01-22_06-44-01-996.jpg?itok=OcfxyVd7)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-01-22_06-44-02-030.jpg?itok=w1VhzfSq)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-01-22_06-44-02-061.jpg?itok=VekBa-re)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-01-22_06-44-02-097.jpg?itok=QibOJKKl)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-01-22_06-44-02-129.jpg?itok=ov5MTjSr)
date:
Wednesday, January 22, 2025 - 06:45