တာချီလိတ်ခရိုင်သစ်တောဦးစီးဌာနမှ "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်း အစီအစဥ်ကျင်းပ

(၁၁-၁-၂၀၂၅) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျှော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်းလုပ်ငန်းကို တာချီလိတ်ခရိုင်သစ်တောဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ တာချီလိတ်ခရိုင်မှ ဦးစီးအရာရှိပါ(၂)ဦး၊ တာချီလိတ်မြို့နယ်မှ ဦးစီးအရာရှိပါ (၅)ဦး၊ မိုင်းဖြတ်မြို့နယ်မှ မြို့နယ်ဦးစီးမှူးပါ(၃)ဦး၊ သစ်လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များ(၁၅)ဦး၊ စုစုပေါင်း(၂၅) ဦး တက်ရောက်ခဲ့ပြီး တာချီလိတ်ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်း-၃က သစ်တောဦးစီးဌာနက ဖြေလျော့ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ရှင်းလင်းဆောင်ရွက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။

date: 
Thursday, January 23, 2025 - 13:00