တရားမဝင်သစ် ဖမ်းဆီးရရှိမှု ဇယားဖြည့်သွင်းသိမ်းဆည်း ဆောင်ရွက်မည့် "Software to Archive Seizure Data (S.A.S.D) " အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တရားမဝင်သစ် ဖမ်းဆီးရမိမှု ဇယားများ ဖြည့်သွင်းသိမ်းဆည်း ဆောင်ရွက်မည့် "Software to Archive Seizure Data (S.A.S.D)" အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၁) အား FD-KFS REDD+ စီမံကိန်း၏ ပံ့ပိုးကူညီမှုဖြင့် (၁၁.၁.၂၀၂၅) ရက်‌နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးမှ အွန်လိုင်းမှတဆင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ပဲခူးတိုင်းဒေသကြီး၊ ပြည်နယ်/ခရိုင်/မြို့နယ်မှ ဦးစီးအရာရှိ (၂) ဦး၊ မြို့နယ်ဦးစီးဌာနမှူး (၁) ဦး၊ တောအုပ်ကြီး (၈) ဦး၊ တောအုပ် (၁) ဦး၊ တောခေါင်း (၄) ဦး၊ တောကြပ် (၃) ဦး၊ အငယ်တန်းစာရေး (၁) ‌ဦး၊ စုစုပေါင်း (၂၀ )ဦး တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

date: 
Thursday, January 23, 2025 - 13:00