သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ် (၁၁၈)မှ သင်တန်းသားများ မြန်မာ့သစ်လုပ်ငန်းသစ်စက်နှင့် အချောထည်စက်ရုံများသို့ကွင်းဆင်းလေ့လာ
သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ် (၁၁၈)မှ သင်တန်းသား(၇၈)ဦးသည် ၁၆-၁-၂၀၂၅ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း အမှတ် (၁၀၃) သစ်စက်ဝင်းရောက်ရှိ၍ သစ်အခြေခံစက်ရုံအမှတ် ၅၊ ၆၊ အမှတ် ၂ (က) ပုံဖော်စက်ရုံနှင့် အချောထည်စက်ရုံတို့ကို သွားရောက်လေ့လာခဲ့ကြရာ သက်ဆိုင်ရာစက်ရုံများ၏ တာဝန်ရှိသူများက တန်ဖိုးမြှင့်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်နှင့် လုပ်ငန်းစဉ်များ၊ ခေတ်မီနည်းပညာရပ်များဖြင့် ထုတ်လုပ်ဆောင်ရွက်မှုများအား ရှင်းလင်းပြသခဲ့ကြပြီး၊ မြန်မာ့သစ်လုပ်ငန်း၊ အမှတ် (၁၀၃) သစ်စက်ဝင်းရှင်လင်းဆောင်၌ မြန်မာ့သစ်လုပ်ငန်းမှ လက်ထောက်အထွေထွေမန်နေဂျာက မြန်မာ့သစ်လုပ်ငန်း၏ သစ်ထုတ်လုပ်မှုမှ သစ်ခွဲစိပ်သည့်အဆင့်အထိ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြန်မာ့သစ်လုပ်ငန်း၊ အမှတ် ၁၀၃ သစ်စက် စက်ရုံမှူးက သစ်စက်နှင့်ပတ်သက်သည့် သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းပြသခဲ့ပါကြောင်း သတင်းရရှိပါသည်။