စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကိုင်းခရိုင်သစ်တောဦးစီးဌာနနှင့် တမူခရိုင်သစ်တောဦးစီးဌာနတို့တွင် "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်း" အစီအစဥ်ကျင်းပ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ လုပ်ထုံးလုပ်နည်းဖြေလျော့မှုများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကိုင်းခရိုင်သစ်တောဦးစီးဌာနမှ (၁၆.၁.၂၀၂၅) ရက်နေ့တွင်လည်းကောင်း၊ တမူးခရိုင်သစ်တောဦးစီးဌာနမှ (၁၇.၁.၂၀၂၅) ရက်နေ့တွင်လည်းကောင်း "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်း" အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစီအစဉ်သို့ ခရိုင်အတွင်းရှိ သစ်တောဝန်ထမ်းများ၊ သစ်အခြေခံစက်မှုလက်မှုလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများက သစ်တောဦးစီးဌာန၏ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ လုပ်ထုံးလုပ်နည်းဖြေလျော့မှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်၊ ဆွေးနွေးချက်များအပေါ် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီးအရာရှိများနှင့် မြို့နယ်မှူးများမှ ပြန်လည်ဖြေကြားရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/%E1%81%85%E1%81%87.jpg?itok=EAW63f5M)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/%E1%81%85%E1%81%88.jpg?itok=cn_2Hh_4)