သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ အပတ်စဉ် Knowledge Sharing Presentation ကျင်းပ
(၂၀-၁-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်းမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစီအစဉ်တွင် စီမံကိန်းနှင့်စာရင်းအင်းဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး-ဒေါက်တာသိန်းဆောင်မှ သဘာပတိအဖြစ်ဆောင်ရွက်၍ နေပြည်တော်၊ ရုံးအမှတ် (၁၉)တွင် ဖွင့်လှစ်ပို့ချခဲ့သည့် ဥပဒေအသိပညာပေးခြင်းဆိုင်ရာသင်တန်း (၁/၂၀၂၄) သို့တက်ရောက်ခဲ့သည့် စီမံခန့်ခွဲရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး-ဦးသောင်းတင်ဌေးမှ သင်တန်းကာလအတွင်း လေ့လာခဲ့မှုများအပေါ် ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် အပြန်အလှန် ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရပါသည်။