ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သစ်တောဦးစီးဌာနမှ "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျှော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်း “ အစီအစဉ် ကျင်းပ
(၂၀-၁-၂၀၂၅) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျှော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်း “ အစီအစဉ်ကို နေပြည်တော်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်၊ ဝါးလုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များ၊ စုစုပေါင်း(၄၀)ဦး တက်ရောက်ကြပြီး နေပြည်တော်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်း၊ ဒက္ခိဏခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ဌေး၊ ဥတ္တရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးကျော်ကျော်အောင်တို့က သစ်တောဦးစီးဌာနမှဖြေလျှော့ ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးရှင်းလင်းပြောကြားပြီးနောက် ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်မြို့နယ် ဦးစီးအရာရှိတို့က ဖြေလျှော့ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များကို အသေးစိတ် ဆက်လက်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းနှင့် တက်ရောက်လာသူများ၏ သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။