ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊ မြစ်ကြီးနားမြို့နယ်၌ သစ်မွှေးစိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကျင်းပ
ကချင်ပြည်နယ် ၊ သစ်တောဦးစီးဌာန၏ စီစဥ်မှုဖြင့် (၁-၂-၂၀၂၅) ရက် ၊နေလယ် (၁၃:၀၀) နာရီအချိိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ ကျေးရွာအုပ်စု၊ နယ်မြေ(၄) ကျွန်းရွှေစင်ဘုန်းကြီးကျောင်း၌ ကချင်ပြည်နယ်၏ လူမှု့စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်မွှေးစိုက်ပျိုး ထုတ်လုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်-၅ နှင့် ခရိုင်/ မြို့နယ် သစ်တောဝန်ထမ်း(၁၅) ဦး၊ မန္တလေးတက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာကလျာလူ၊ သစ်မွှေးစိုက်ပျိုးလုပ်ကိုင်သူများ(၅၀)ဦး စုစုပေါင်း (၆၈) ဦးတက်ရောက်ခဲ့ကြပါသည်။ ဦးစွာသယံဇာတရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာကလျာလူမှ သစ်မွှေးစိုက်ပျိုးထုတ်လုပ်ခြင်းအကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခြင်း ၊ သစ်မွှေးခြံအတွင်း လက်တွေ့ ဆေးသွင်းပြသခြင်း ၊ သစ်မွှေးဖြစ်ထွန်းနေမှုအား ခုတ်လှဲပြသခြင်းနှင့် တက်ရောက်လာသူများအား ရေသန့်ဗူးနှင်မုန့်များဝေငှခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။