၂၇-၁-၂၀၂၅ ရက်နေ့မှ ၂-၂-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၆.၆၂၂၄)တန်၊ သစ်မာ (၉.၄၁၇၄)တန်၊ အခြား (၆၂.၂၃၀၆)တန်၊ စုစုပေါင်း (၈၈.၂၇၀၄)တန်၊ ယာဉ်/ ယန္တရား (၃)စီး၊ တရားခံ (၁၇)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂-၂-၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ဘိနယ်၊ မိုင်းသောက် ကျေးရွာအနီး၊ ဦးနိုင်ထက်အောင် နှင့် ဦးဇော်မိုး တို့၏ နေအိမ်ဝန်းအတွင်းမှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၁၀၀၆)ချောင်း (၂၆.၃၁၀၆)တန်၊ အင်ဂျင် (၁)လုံး၊ လွှဝိုင်း (၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများအားတရားခံ (၂)ဦးနှင့်အတူဖမ်းဆီးရမိမှုဖြစ်ပါသည်။
date:
Tuesday, February 4, 2025 - 16:30