မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ချောက်မြို့နယ်သစ်တောဦးစီးဌာနမှဂွေးချိုကျေးရွာ (အ•ထ•က)ကျောင်းခန်းမတွင်သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ချောက်မြို့နယ်သစ်တောဦးစီးဌာနမှ(၅.-၂.၂၀၂၅)ရက်နေ့(၁၀:၃၀)နာရီအချိန်တွင် ချောက်မြို့နယ် ဂွေးချိုကျေးရွာ (အ•ထ•က)ကျောင်းခန်းမတွင်သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ မြို့နယ်အဆင့်ပြုလုပ်ခဲ့ပါသည်၊ အဆိုပါဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးကြည်လင် မှ သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး ချောက်မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူသူအောင် မှမီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာများ အသိပညာပေးဟောပြောခြင်းအား Projector ဖြင့်ပြသရှင်းလင်းဟောပြောခဲ့ပါသည်၊ ဟောပြောပွဲတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်း(၄) ဦး မြို့နယ်ပညာရေးမှူးရုံးမှ ဒု-ပညာရေးမှူးဦးသန်းလွင်ဦး (အ•ထ•က)ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုး နှင့်ဆရာဆရာမ (၁၀) ဦး ကျောင်းသား/သူ(၂၆၇) ဦး စုစုပေါင်း(၂၈၅) ဦးတက်ရောက်ပါကြောင်းနှင့် ကျောင်းစာကြည့်တိုက်အတွက်သစ်တောကြေးမုံစာအုပ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဆရာကိုင်လက်စွဲစာအုပ်များအား ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Thursday, February 6, 2025 - 17:45