မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်းမြို့၊ အ-ထ-က(၂)ကျောင်း၌သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်းမြို့၊ အ-ထ-က(၂)ကျောင်း၌သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခြင်း(၄-၂-၂၀၂၅)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ အ-ထ-က(၂)ကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညယပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်။မြို့နယ်သစ်တောဦးစီးဌာန၊မြို့နယ် ဦးစီးဌာနမှူးဦးဝင်းဇော်မှသစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပါသည်။ကျောင်းသား/ကျောင်းသူများမှသိလိုသည်များမေးမြန်းမှုကိုပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။ဟောပြောပွဲသို့ကျောက်ပန်းတောင်းမြို့၊အ-ထ-က(၂)ကျောင်းမှဆရာ/ဆရာမ(၅)ဦး၊ကျောင်းသား/ကျောင်းသူ(၅၅)ဦး၊စုစုပေါင်း(၆၀)ဦးတက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Thursday, February 6, 2025 - 18:00