သစ်တောဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊လယ်ဝေးမြို့နယ်၏ "သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"(မြို့နယ်အဆင့်)ကျင်းပ

သစ်တောဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၌၅-၂-၂၀၂၅ ရက်၊ (၁၄:၀၀)နာရီတွင် လယ်ဝေးမြို့နယ်၊ ပတ္တာကျေးရွာ၊စံဝါအောင်း၊အခြေခံပညာအထက်တန်းကျောင်းခွဲ၌ မြို့နယ်အဆင့် "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ဟောပြောပွဲအခမ်းအနားသို့ ပတ္တာကျေးရွာ၊ စံဝါအောင်းအခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမို့မို့မောင်ဦးဆောင်သော ဆရာ/ဆရာမ(၁၁)ဦး၊ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ(၇၅)ဦး၊ သစ်တောဝန်ထမ်း(၉)ဦး အင်အားစုစုပေါင်း (၉၅)ဦး တက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ နေပြည်တော်၊လယ်ဝေးမြို့နယ်မှ ဦးစီးအရာရှိဦးအေးမင်းခန့်မှသစ်တောထိနိးသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့ လျှော့ချရေး၊ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာတို့ကိုအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ဆက်လက်၍ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသားများထံ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကျောင်းသုံး ဗလာစာအုပ်များပေးဝေခြင်း၊ ကျောင်းစာကြည့်တိုက်အတွက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ လစဉ်ထုတ်ဝေလျက်ရှိသည့် သစ်တောကြေးမုံစာအုပ်များအား ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမို့မို့မောင်ထံသို့ ပေးအပ် လှူဒါန်းခြင်း ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Thursday, February 6, 2025 - 18:00