ဦးစီးအရာရှိစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁၃)သင်တန်းဆင်းပွဲအခမ်းအနားအား သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန၊စုဝေးခန်းမတွင်ကျင်းပ

သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဦးစီးအရာရှိ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး သစ်တောဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) ဦးကျော်ဇေယျ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ သစ်တောသုတေသနဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း များ စုစုပေါင်း (၄၀) ဦး နှင့် သင်တန်းသား (၃၀) ဦးတို့ ပါဝင်တက်ရောက်၍ သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၁၃) သင်တန်း၏ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်၊ သင်တန်းကာလ အတွင်း ဘာသာရပ်အလိုက် သင်ကြားပို့ချခဲ့မှုများ၊ သင်တန်းတက်ရောက်ခြင်းဖြင့်ရရှိမည့် အကျိုး ကျေးဇူးများနှင့် သင်တန်းကရရှိသည့် အသိပညာရပ်တွေကို လုပ်ငန်းခွင်နယ်ပယ်မှာ လက်တွေ့ပြန် လည်အသုံးချဖို့နှင့် အောက်ခြေအဆင့်ထိ သိသင့်တာတွေကို ဆင့်ပွားဖြန့်ဝေခြင်းတို့ ဆောင်ရွက်သွားကြဖို့ပြောကြားခဲ့ပါသည်။သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ဇေယျက သင်တန်းသားတစ်ဦးချင်းစီအလိုက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကိုကျင်းပပြီးစီးခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Friday, February 7, 2025 - 13:15