မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့ နယ်တွင်သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပေးပညာပေးဟောပြောပွဲကျင်းပ

၇-၂-၂၀၂၅ ရက်နေ့(၁၀:၀၀)နာရီတွင် ငါန်းဇွန်မြို့နယ် (အ.ထ.က)၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာအသိပေးပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ရာကျောင်းအုပ်ကြီးနှင့်၊ကျောင်းသား/သူများ၊ ပြန်/ဆက်ဦးစီးဌာန၊ စုစုပေါင်း (၁၄၂)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင်ငါန်းဇွန်မြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးလှမျိုးနိုင်က သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ တောမီးလောင်ခြင်းတို့၏ဆိုးကျိုးများအားအသိပညာပေးဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ပြီး၊ ကျောင်းအုပ်ဆရာကြီးထံ သစ်တောကဏ္ဍနှင့်ပတ်သက်၍သိကောင်းစရာစာအုပ်များပေးအပ်ခြင်း၊ ကျောင်းသား/သူ များသိလိုသည်များမေးမြန်းခြင်းတို့အပေါ်ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Friday, February 7, 2025 - 13:30