သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၁၀-၂-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဦးဆန်းမြင့်ထွန်း(ဒုတိယညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ၊ ဦးစီးအရာရှိ ဒေါက်တာဖြူဖြူသင်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ပြုလုပ်သည့် သစ်တောစီးပွားရေးနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာပါရဂူဘွဲ့တက်ရောက်မှုအားလည်းကောင်း၊ တောအုပ်ကြီး ဒေါ်စန္ဒာချစ်ကြည်က ဗီယက်နမ်နိုင်ငံတွင်ပြုလုပ်သည့် သစ်တောအပေါ်မှီခို၍ လူထုအခြေပြုသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် ဝါး၊ကြိမ်လုပ်ငန်းဆိုင်ရာ နည်းပညာနှီးနှောဖလှယ်ပွဲ တက်ရောက်မှုအားလည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရပါသည်။
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-48a1c86192bf06977ead3b20fb07ecbb-V.jpg?itok=4M54kHVR)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-df6e737ff5d641e9b2e2514461aa7425-V.jpg?itok=qQILAk5k)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-29d532c7cd836544e990a92e0599c74d-V.jpg?itok=9rQ6wkgw)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-4f3946fa941b61138fc73ecd6493251b-V.jpg?itok=BLn8ZtkL)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-a5ae9dbcb78e3b05677f979e0ccf8f7b-V.jpg?itok=eWc3JPon)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-e1c0f6404c4846b923d804d1cd81460e-V.jpg?itok=C7ZKu3PT)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-71bba8098c39739d94e9986189faa2b4-V.jpg?itok=Js8-lv-b)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-6f2df41114246b0d77882d7a343f7642-V.jpg?itok=XBujTHqo)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-a06de90e24439f5cb1cd0e8af91424fd-V.jpg?itok=XCu5BZG8)