အင်္ဂပူမြို့နယ်၊သစ်တောဦးစီးဌာနမှ (၁၁.၂.၂၀၂၅)ရက်နေ့တွင် “သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”အားကျင်းပ

အင်္ဂပူမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၁၁.၂.၂၀၂၅)ရက်နေ့တွင် “သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”အား အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့၊ အ-ထ-က ကျောင်းတွင် ကျင်းပပြုလုပ်ရာ အင်္ဂပူမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်အောင်ဆွေမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာများနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီး အင်္ဂပူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း(၅)ဦး၊ ကွင်းကောက်မြို့၊ အ-ထ-က ကျောင်းမှဆရာ/ဆရာမ (၁၂)ဦး၊ကျောင်းသား/ကျောင်းသူ (၃၀၀)ဦး၊ စုစုပေါင်း(၃၁၇)ဦးတက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Tuesday, February 11, 2025 - 15:30