လေးမျက်နှာမြို့နယ်၊ သဲနုကုန်းကျေးရွာအုပ်စု ''သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”(မြို့နယ်အဆင့်)အားကျင်းပ

၁၁-၂-၂၀၂၅ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင်''သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”(မြို့နယ်အဆင့်)အား၊လေးမျက်နှာမြို့နယ်၊ သဲနုကုန်းကျေးရွာအုပ်စု၊ေစာပြာကျေးရွာ အ.လ.ကကျောင်း(ခွဲ)တွင် ကျင်းပရာ မြို့နယ်သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးဇော်မင်းသိန်းမှ “ ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/သူများမှ မေးခွန်းများပြန်လည်မေးမြန်းခဲ့ကြပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ လေးမျက်နှာမြို့နယ်၊ စောပြာကျေးရွာအ.လ.က(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ (၄)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၀၂)ဦး၊မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ ၊ စုစုပေါင်း (၁၀၉) ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Tuesday, February 11, 2025 - 15:30