သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူးနှင့် စာရင်းကိုင်(၄)ရာထူးနေရာများတွင်ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးမည့်အစီအစဉ်ကြေညာခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးနှင့် စာရင်းကိုင်(၄)(လစာနှုန်း ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံဝန်ထမ်းနည်းဥပဒေများနှင့်အညီ အထွေထွေဗဟုသုတဘာသာရပ် ရေးဖြေစစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းကို ၈-၂-၂၀၂၅ ရက်နေ့တွင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ရုံးအမှတ်(၃၉)တွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲနှင့် ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်း ဖြေဆိုသူများအနက် အောင်ဖော်ပြပါ(၉)ဦးကို ၁၃-၂-၂၀၂၅ ရက် (ကြာသပတေးနေ့)နံနက်(၁၀:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လူတွေ့စစ်ဆေးခြင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Tuesday, February 11, 2025 - 17:15