ခရိုင်သစ်တောအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁၀)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ခရိုင်သစ်တောအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက် (၀၈:၃၀)နာရီတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်း/ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်၊ သစ်တောဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သစ်တောသုတေသနဌာနမှ သုတေသီများ၊ သင်တန်းဆရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့ပါသည်။ ဦးစွာ ဒုတိယဝန်ကြီးက ခရိုင်သစ်တောအရာရှိ စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်း အမှတ်စဉ်(၁၀) သင်တန်း ၏ သင်တန်းဖွင့်လှစ် ရသည့် ရည်ရွယ်ချက်၊ သစ်တောအုပ်ချုပ်လုပ်ကိုင်မှုနှင့် သစ်တောဖုံးလွှမ်းမှုအခြေအနေ၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ကြိုးဝိုင်း တော/ ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်း/ သတ်မှတ်ခြင်းနှင့် တည်ထောင်ခြင်းဆိုင်ရာ အချက်အလက်များ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း တည်ထောင်ထားရှိမှုအခြေအနေ၊ တရားမဝင်သစ်တားဆီးကာကွယ်ရေးလုပ်ငန်းတို့ကို ပြောကြား၍ သင်တန်းကာလအတွင်း သင်တန်းစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်နှင့် ဘာသာရပ်သင်ကြားမှုများအပေါ် ကြိုးစားလေ့လာ မှတ်သား၍ စွမ်းဆောင်ရည်မြင့်မားသော အရာရှိများအဖြစ် မိမိတို့ရဲ့ ဌာနအကျိုး၊ နိုင်ငံ့အကျိုး ကို စွမ်းဆောင်ရည်မြင့်မားစွာနဲ့ ကောင်းစွာသယ်ပိုးနိုင်တဲ့ ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ကြိုးစားလေ့ကျင့် သင်ယူသွားကြရန် ပြောကြားခဲ့ပြီး သင်တန်းသားများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ပါသည်။ ယနေ့ဖွင့်လှစ်သည့် ခရိုင်သစ်တောအရာရှိများ စွမ်းဆောင်ရည်မြှင်တင်ရေး သင်တန်းအမှတ်စဉ်(၁၀)အား (၁၀-၂-၂၀၂၅ ရက်မှ ၂၁-၂-၂၀၂၅)ရက်အထိ ရက်သတ္တ(၂)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား(၂၀)ဦးတက်ရောက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

date: 
Tuesday, February 11, 2025 - 21:00