(၁၃-၂-၂၀၂၅)ရက်နေ့တွင် မော်လမြိုင်မြို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ မွန်ပြည်နယ်မြေအသုံးချမှုကော်မတီ(ဒုတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မွန်ပြည်နယ်မြေအသုံးချမှုကော်မတီ(ဒုတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၃-၂-၂၀၂၅)ရက်နေ့၊ (၁၃:၀၀)နာရီတွင် မော်လမြိုင်မြို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်တီအဖွဲ့ဝင် ဆက်စပ် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူး/ တာဝန်ရှိသူများနှင့် တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်၊ ရပ်မိရပ်ဖကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူကိုယ်စားလှယ်များ အမျိုးသမီးကိုယ် စားလှယ်များ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကော်မတီအဖွဲ့ဝင် မွန်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များက ဆွေးနွေးခြင်း၊ ပြည်နယ်ကော်တီအတွင်းရေးမှူး ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးမှ မွန်ပြည်နယ်မြေအသုံးချမှုကော် မတီ ဖွဲ့စည်းဆောင်ရွက်မှု၊ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ တွဲဘက်အတွင်းရေးမှူး ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ရှင်းလင်းတင်ပြခြင်းနှင့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများမှ မြေအသုံးချမှုဆိုင်ရာကိစ္စရပ်များအားဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။



