သစ်တောကဏ္ဍဖျက်ပိုးနှင့် ရောဂါဆိုင်ရာသတင်းအချက်အလက်များ စီမံအုပ်ချုပ်မှုစနစ်အား အထောက်အကူဖြစ်စေမည့် လုပ်ငန်းသုံးပရိုဂရမ်ရေးဆွဲခြင်းဆိုင်ရာအစည်းအဝေးကျင်းပ
၁၇-၂-၂၀၂၅ ရက် တနင်္လာနေ့ ၁၀း၀၀နာရီ အချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ သစ်တောသုတေသနနှင့် အာရှသစ်တောဆိုင်ရာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်သစ်တောကဏ္ဍဖျက်ပိုးနှင့် ရောဂါဆိုင်ရာသတင်းအချက်အလက်များ စီမံအုပ်ချုပ်မှုစနစ်အား အထောက်အကူဖြစ်စေမည့် လုပ်ငန်းသုံးပရိုဂရမ်ရေးဆွဲခြင်းဆိုင်ရာ အစည်းအဝေးကျင်းပရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးကျော်ဇေယျ တက်ရောက်၍အဖွင့်အမှာပြောကြားရာ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ software ပညာရှင်များ တက်ရောက်ကြပါသည်။ အစည်းအဝေး တက်ရောက်လာကြသူများမှ သစ်တော စိုက်ခင်းများတွင် ဖျက်ပိုးဆိုင်ရာ Database ပြုလုပ်မည့် နည်းပညာများအကြောင်း၊ ငွေကြေးသုံးစွဲမည့်အခြေအနေနှင့် လုပ်ငန်းများကို အချိန်ဇယားအလိုက်ဆောင်ရွက်မည့်အကြောင်းများဆွေးနွေးကြပါသည်။ အဆိုပါလုပ်ငန်းဆောင်ရွက်သည့် စီမံကိန်းကာလသည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလထိ ( ၅ )နှစ်ကြာဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ပြည်ခရိုင်၊ နေပြည်တော် ဒက္ခိဏခရိုင်နှင့် ဥတ္တရခရိုင်အတွင်းရှိ သစ်တော စိုက်ခင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။








