၄-၇-၂၀၂၂ ရက်နေ့မှ ၁၀-၇-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၀.၅၀၀၂)တန်၊ သစ်မာ (၄၆.၉၇၃၈)တန်၊ အခြား (၁၈.၁၂၉၂)တန်၊ စုစုပေါင်း (၁၁၅.၆၀၃၂)တန်၊ တရားခံ (၈)ဦး၊ ယာဉ်/ ယန္တရား (၈)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၅-၇-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲဘိနယ်၊ ညောင်စာရေးအုပ်စု၊ လှေကြီးစုကျေးရွာ၏ တောင်ဘက် (၄)ဖာလုံခန့်အကွာ၊ ဧရာဝတီမြစ်ကမ်းဘေးမှ တရားမဝင် ကျွန်းစကွဲယား (၁၁၀)တုံး (၁၄.၅၅၀၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-
date:
Wednesday, July 13, 2022 - 14:15