မြန်မာနိုင်ငံ၊ မဲခေါင်မြစ်ဝှမ်းဒေသရှိ သဘာဝတောများတွင် ကျရောက်သော ဖျက်ပိုး နှင့်ရောဂါများအား စူးစမ်းဖော်ထုတ် လေ့လာခြင်းစီမံကိန်းအတွက်အလုပ်လျှောက်လွှာခေါ်ယူခြင်း
သစ်တောဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း (၂၀၂၄) ၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် “မြန်မာနိုင်ငံ၊ မဲခေါင်မြစ်ဝှမ်းဒေသရှိ သဘာဝတောများတွင် ကျရောက်သော ဖျက်ပိုးနှင့် ရောဂါများအား စူးစမ်းဖော်ထုတ် လေ့လာခြင်း စီမံကိန်း (Investigation of Forest Pests and Diseases in the Natural Forest of Mekong River Basin of Myanmar)” (FD-MLC IFPD Project)” အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအထိ (၂) နှစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါစီမံကိန်းအတွက် အရည်အချင်းပြည့်မီသည့် Pest Technician (၁) ဦး လစ်လပ်လျက် ရှိသဖြင့် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများ လျှောက်ထားနိုင်ပါသည် -
(က) Entomology ဘာသာရပ်တွင် Ph.D (သို့မဟုတ်) M.Sc ရရှိပြီး လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိရမည်။
(ခ) Microsoft Office (Word, Excel, PowerPoint) ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရ မည်။
(ဂ) အင်္ဂလိပ်ဘာသာဖြင့် ရေးသားနိုင်သူ၊ ပြောဆိုဆက်သွယ်နိုင်သူ ဖြစ်ရပါမည်။
(ဃ) ကျန်းမာရေးကောင်းမွန်ပြီး စီမံကိန်းဧရိယာသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
၃။ တာဝန်ထမ်းဆောင်ရမည့်နေရာ - စီမံကိန်းရုံး၊ သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာန။
၄။ လစာ - အမေရိကန်ဒေါ်လာ ၅၀၀ (USD 500)။
(မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲ နှုန်း မြန်မာကျပ်ငွေဖြင့် ပေးချေမည်ဖြစ်ပါသည်။)
၅။ Pest Technician (၁) ဦး၏ လုပ်ငန်းတာဝန်နှင့် ဝတ္တရားများ (Terms of Reference – ToR) မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည် -
(က) စီမံကိန်းမှကျင်းပသည့် အစည်းအဝေးများ၊ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ အတွက် လိုအပ်သည်များအား ပံ့ပိုးဆောင်ရွက်ရမည်။
(ခ) စီမံကိန်းဧရိယာများသို့ သွားရောက်၍ ဖျက်ပိုး/ရောဂါစာရင်းများ ကောက်ယူခြင်း လက်တွေ့သရုပ်ပြသင်တန်းများ၊ စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ဖျက်ပိုး/ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းများအတွက် ကွင်းဆင်းဆောင် ရွက်ရမည်။
(ဂ) ဖျက်ပိုးနှင့်အပင်ရောဂါဆိုင်ရာ သုတေသနလုပ်ငန်းများ၊ Guide Book ထုတ်ဝေခြင်း လုပ်ငန်းများ၊ သုတေသနစာတမ်း ရေးသားခြင်းများ ဆောင်ရွက်ရမည်။
(ဃ) Mid-Year Report များ၊ Annual Report များ၊ Monitoring and Evaluation Report များ ရေးသားရမည်။
(င) ဖျက်ပိုးနှင့် အပင်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် လိုအပ် သည့် လုပ်ငန်းစဉ်များအား ဆောင်ရွက်ရမည်။
(စ) စီမံကိန်း၏ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရမည်။
(ဆ) အလုပ်ရာထူးမှနှုတ်ထွက်လိုပါက စီမံကိန်းမန်နေဂျာထံသို့ အနည်းဆုံး (၁) လ ကြိုတင် ၍ အသိပေးပြီး တာဝန်ယူထားသည့် လုပ်ငန်းများ အပြီးသတ်ဆောင်ရွက်ပြီးမှသာ နှုတ်ထွက်ရမည်ဖြစ်ပါသည်။
၆။ အစမ်းခန့်ကာလအား (၆) လ သတ်မှတ်ပြီး လုပ်ငန်းဆောင်ရွက်မှုအပေါ် ကျေနပ်မှုရှိပါက အတည်ပြုခန့်အပ်သွားမည်ဖြစ်ပါသည်။
၇။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါအချက်အလက်များကို သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ ညွှန်ကြားရေးမှူးရုံး (သို့မဟုတ်) mekonglancangifpd@gmail.com သို့ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ လျှောက် ထားနိုင်ပါသည် -
(က) ကိုယ်ရေးရာဇဝင်၊
(ခ) ဘွဲ့လက်မှတ်မိတ္တူများ၊
(ဂ) မှတ်ပုံတင်မိတ္တူ၊
(ဃ) ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ၊
(င) အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ။