ဆေးဖက်ဝင်ဝဥပင်စိုက်ပျိုးပြုစုခြင်းနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာဆွေးနွေးပွဲကျင်းပ
(၂၆-၅-၂၀၂၅)ရက်၊ တနင်္လာနေ့၊ (၀၉:၀၀)နာရီအချိန်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် MLC-Medicinal Plants စီမံကိန်း၏ ဆေးဖက်ဝင် ဝဥပင်စိုက်ပျိုးခြင်းနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာဆွေးနွေးပွဲကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
ဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ သုတေသနအရာရှိများ၊ ဝဥစိုက်ပျိုးထုတ်လုပ်သူ ပညာရှင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် ဝဥစိုက်ပျိုးသူ ဦးလှသိန်းမှ ဝဥစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ဈေးကွက် အလားအလာများအား ရှင်းလင်းတင်ပြပြီး ဝဥမှ စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်ခြင်းနှင့်စားသောက်ကုန်အရည်အသွေးဆိုင်ရာ စမ်းသပ်သည့်နည်းစနစ်များအား လက်တွေ့သရုပ်ပြခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်သူများမှ ဝဥစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ အထွေထွေ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲအား နေ့လယ်(၁၄:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
























