၃၁-၁၀-၂၀၂၂ ရက်နေ့မှ ၆-၁၁-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၄.၆၁၇၀)တန်၊ သစ်မာ (၁၁.၀၄၉၈)တန်၊ အခြား (၂၉.၂၀၁၈)တန်၊ စုစုပေါင်း (၉၄.၈၆၈၆)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၁၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၆-၁၁-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၈၂)အတွင်းမှ တရားမဝင် ကျွန်းသစ်/ခွဲခြမ်း (၁၃၅)လုံး/ခြမ်း (၂၁.၆၂၆၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, October 12, 2022 - 20:15