တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီ(အကြို) တိုင်းဒေသကြီးအဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို မြိတ်မြို့၊ မြိတ်တက္ကသိုလ်ဝင်းတွင်ကျင်းပ

(၂၉.၅.၂၀၂၅)ရက်နေ့၊ နံနက် (၀၇:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီ(အကြို) တိုင်းဒေသကြီးအဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို မြိတ်မြို့၊ မြိတ်တက္ကသိုလ်ဝင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကမ်းရိုးတမ်းဒေသတိုင်းစစ်ဦးစီးချုပ်၊လေတပ်ဌာနချုပ်တပ်နယ်မှူး၊ မြိတ်တက္ကသိုလ်မှ ပါမေက္ခချုပ်နှင့် ဆရာ/ဆရာမများ၊တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းနှင့် အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းမှဆရာမများနှင့်ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ကြက်ခြေနီအသင်းများနှင့်ဒေသခံပြည်သူများ ၊ စုစုပေါင်း (၄၅၀)ဦး တက်ရောက်ပြီး သစ်မာသစ်မျိုးစုံ(၈)မျိုး၊(၁၂၁၀)ပင် အား အောင်မြင်စွာ စိုက်ပျိုး ဆောင်ရွက်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ သစ်ပင်စိုက်ပျိုးမှုအားလှည့်လည်ကြည့်ရှုလမ်းညွှန်မှုပြုခဲ့ပါသည်။ဆက်လက်၍ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များမှ မြိတ်တက္ကသိုလ်ဝင်းအတွင်းရှိ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတွင် စိုက်ပျိုးခဲ့သည့် စိုက်ပင်(၁၂၁၀)ပင်၏ ရှင်သန်ကြီးထွားမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Friday, May 30, 2025 - 09:45