ATOM Myanmar Limited မှ သစ်ပင်စိုက်ပျိုးပွဲအသွင်ဖြင့် "ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း"တည်ထောင်စိုက်ပျိုး

(၃၀.၅.၂၀၂၅) ရက်နေ့၊ နံနက် (၀၉း၃၀) အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဉတ္တရခရိုင်၊ တပ်ကုန်းမြိုနယ်ရှိ ဖိုးဇောင်းတောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၅)အတွင်း သစ်ပင်စိုက်ပျိုးပွဲအသွင်ဖြင့် "ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း" တည်ထောင်စိုက်ပျိုးခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)၊ ဦးကျော်ဇေယျတက်ရောက်စိုက်ပျိုးခဲ့ပြီး အခမ်းအနားသို့ ATOM Myanmar Limited မှ CEO Mr. Ahmad Abdallah နှင့် CCAO ဦးသိန်းဟုတ်၊ ကုမ္ပဏီဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၅၀) ဦး တက်ရောက်၍ မယ်ဇလီ၊ စိန်ပန်းကြီး၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ လက်ပံ၊ ကုက္ကိုလ်၊ ယမနေ၊ ဆီသပြေ၊ တမာ၊ စစ်များ ပျိုးပင် (၁၀၀၀) ပင်၊ ဧရိယာ (၅) ဧကအား စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။

date: 
Friday, May 30, 2025 - 16:00