၂၁-၁၁-၂၀၂၂ ရက်နေ့မှ ၂၇-၁၁-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၈.၂၁၂၉)တန်၊ သစ်မာ (၂၁.၃၀၄၄)တန်၊ အခြား (၈၈.၁၂၁၆)တန်၊ စုစုပေါင်း (၁၂၇.၆၃၈၉)တန်၊ ယာဉ်/ ယန္တရား (၁၂)စီး၊ တရားခံ (၂၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၃-၁၁-၂၀၂၂ ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းဘိနယ်၊ သစ်ဆိမ့်ပင် ကျေးရွာအရှေ့ဘက်(၂)မိုင်ခန့်အကွာမှ တရားမဝင် စကားဝါ/ ကညင်/ တမာ/ အခြား သစ်လုံး/ ခွဲခြမ်း/ ဖရုံစိတ် (၁၃၆) လုံး/ ခြမ်း/ စိတ် (၅၀.၇၁၇၄)တန်၊ ချိန်းဆော (၁)လက်၊ (၃)ပေလွှဝိုင်း (၂)ခု၊ ဒလိမ့်တုံး (၁)ခု တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, November 2, 2022 - 01:30