နိုင်ငံ​တော်အလံ အ​လေးပြုခြင်းနှင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် ရွတ်ဆိုခြင်းကို ရုံးအမှတ်(၃၉) တွင် ပြုလုပ်

နိုင်ငံ​တော်အလံ အ​လေးပြုခြင်းနှင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက် ရွတ်ဆိုခြင်း ကို ( ၂-၆-၂၀၂၅) ​ရက်၊ နံနက် ၀၉း၃၀ နာရီအချိန်၌ ​နေပြည်​တော် ရုံးအမှတ် (၃၉) သစ်​တောဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးချုပ်ရုံး အလံတိုင်​ရှေ့ကွက်လပ်တွင်ပြုလုပ်ရာ ညွှန်ကြား​ရေးမှူးချုပ်ရုံးရှိ အရာထမ်းနှင့် အမှုထမ်းဝန်ထမ်း စုစု​ပေါင်း (၅၆၇) ဦးမှ သစ်တောဦးစီးဌာန၏ ရုံးတက်တူညီဝတ်စုံများဝတ်၍ နိုင်ငံ​တော်အလံအား အ​လေးပြုပြီးနောက် သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပါသည်။
ထိုသိုပြုလုပ်ခြင်းကို အပတ်စဥ် တနင်္လာ​နေ့ နံနက် ၉း၃၀ နာရီအချိန်နှင့် ​သောကြာ​နေ့ ည​နေ ၀၄း၃၀ နာရီတို့တွင်ပြုလုပ်မည်ဖြစ်​ကြောင်းသတင်းရရှိပါသည်။

date: 
Monday, June 2, 2025 - 15:45