ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊အခြေခံသစ်တောပညာသင်တန်းများတွင် စာတွေ့လက်တွေ့ သင်ခန်းစာများသင်ကြားပို့ချခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီး ဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ သတ်မှတ်အရည် အချင်းပြည့်မီသူများကို ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်းတွင် အခြေခံသစ်တောပညာ သင်တန်းများအား ယခုပညာသင်နှစ်တွင် အမှတ်စဉ်(၁၁၈)သင်တန်းသား(၇၈)ဦးနှင့် အမှတ်စဉ် (၁၁၉)သင်တန်းသား(၁၁၁)ဦးတို့အား စာတွေ့လက်တွေ့ပို့ချလျက်ရှိပါသည်။အမှတ်စဉ်(၁၁၈)သင်တန်းကို (၂၀.၅.၂၀၂၄)ရက်တွင်လည်းကောင်း၊ အမှတ်စဉ်(၁၁၉) သင်တန်းကို (၁၅.၅.၂၀၂၅)ရက်တွင်လည်းကောင်း၊ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားများအား အခြေခံသစ်တောပညာ ဘာသာရပ်(၁၅)ခုအား စာတွေ့သင်ကြားခြင်း၊ တောတွင်းလက်တွေ့ သင်ကြားခြင်း၊ အခြားသိမှတ်ဖွယ်ရာဟောပြောပွဲများပြုလုပ်ပေးခြင်း၊ အခြေခံစစ်ရေးပြလေ့ကျင့် သင်ကြားပေးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းနှင့် အားကစားပွဲများကျင်းပပေး၍ သင်တန်းကာလ (၁)နှစ်ခွဲ ပြီးမြောက်ပါက သက်ဆိုင်ရာဌာနများတွင် တောအုပ်/သစ်အုပ်အဖြစ် တဆင့်မြှင့်ရာထူးတိုး ခံစားရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

date: 
Tuesday, June 3, 2025 - 18:00