၂၆-၅-၂၀၂၅ ရက်နေ့မှ ၁-၆-၂၀၂၅ ရက်နေ့အထိ နေပြည်တော်/ပြည်နယ်/ တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် တရားမဝင် ကျွန်း (၄.၈၀၇၀)တန်၊ သစ်မာ (၁၄.၉၇၂၆)တန်၊ အခြား (၅.၅၈၂၄)တန်၊ စုစုပေါင်း (၂၅.၃၆၂၀)တန်၊ ယာဉ်/ ယန္တရား (၃)စီး၊ တရားခံ (၅)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၆-၅-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်ဘိနယ်၊ ထူပါရုံလမ်း၊ ကျောင်းသစ်ကျောင်း ဘုန်းတော်ကြီး ကျောင်းအနောက်ဘက်၊ သရက်တောနှင့် လယ် ကွင်းစပ်တို့မှ တရားမဝင် ပျဉ်းကတိုး/တောင်သရက် ခွဲသား (၅၂)ချောင်း (၇.၁၀၇၄) တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Wednesday, June 4, 2025 - 15:00