ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီ၊ ခရိုင်အဆင့်စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
(၅.၆.၂၀၂၅) ရက်နေ့ ၊ နံနက်(၇:၃၀ ) နာရီအချိိန်တွင် ကချင်ပြည်နယ် ၊ တနိုင်းခရိုင်၊တနိုင်းမြို့နယ်၊ ဟူးကောင်းမြေ ဂေါက်ကလပ်ကွင်း၌ ခရိုင်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၊ (တနိုင်းတပ်နယ် )မှ ဗိုလ်မှူးချုပ် ကျော်ဘုန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမိုးဇော်လင်းနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်စိုးနှင့် မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ၊ ဒေသခံမြို့မိမြို့ဘများ စုစုပေါင်းအင်အား (၁၅၀ )ဦး တက်ရောက်ခဲ့ပြီး ကျွန်း(၁၀၀)ပင်၊ မန်ဂျန်ရှား (၁၀၀) ပင်၊ ကုက္ကိုလ်( ၂၀၀)ပင် ၊ ကံ့ကော် ( ၅၀)၊ ယမနေ( ၂၀၀)ပင် စုစုပေါင်း ပျိုးပင်( ၆၅၀)ပင်အား တပျော်တပါးစိုက်ပျိုးပေးခဲ့ကြကြောင်းသတင်းရရှိပါသည်။





