သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဒိုးကွင်ပျိုးဥယျာဉ်သို့ ကြည့်ရှု့စစ်ဆေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည်(၉-၆-၂၀၂၅)ရက်နေ့ (၁၃:၃၀)အချိန် ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဒိုးကွင်ပျိုးဥယျာဉ်တွင် အထူးပျိုးပင်များဖြစ်သည့် မဟော်ဂနီ၊ ချယ်ရီ၊ ရေသင်းဝင်၊ ထင်းရှူး၊ ကံ့ကော်၊ ခရေ၊ ခါတော်မီ၊ ပိတောက်၊ ပန်းမဲဇလီ စသည့် ပျိုးပင်များနှင့် ယမနေ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မဲဇလီ၊ ရေပိတုန်းအစရှိသည့် သစ်မျိုး(၁၄)မျိုး စုစုပေါင်းအပင်အရေအတွက်(၁၄၁,၁၀၀) ပျိုးထောင်ထားရှိမှု အခြေအနေ၊ ဖြန့်ဝေစိုက်ပျိုးပြီးစီးမှု အခြေအနေများနှင့် မြန်မာ့ရှားပါး ဂမုန်းမျိုးစိတ်များနှင့် ရှားပါးသစ်ခွမျိုးစိတ်များ ပြုစုစောင့်ရှောက်ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်၍ ဝန်ကြီးက ၂၀၂၆ မိုးရာသီတွင် (၂)ပေနှင့်အထက်ရှိသော ပျိုးပင်များ ရရှိနိုင်ရန် အတွက် ရာသီအလိုက် ပျိုးပင်များ ကြိုတင်ပျိုးထောင်ထားရှိရန် လိုအပ်သည်ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။



