၂-၁-၂၀၂၃ ရက်နေ့မှ ၈-၁-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၉၉.၂၅၈၀)တန်၊ သစ်မာ (၇၁.၅၈၈၄)တန်၊ အခြား (၂၄.၀၄၈၉)တန်၊ စုစုပေါင်း (၁၉၄.၈၉၅၃)တန်၊ ယာဉ်/ ယန္တရား (၂၃)စီး၊ တရားခံ (၁၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂-၁-၂၀၂၃ ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ မအူပင်မြို့နယ်၊ စာရေးကုန်းဘိနယ်၊ ဝါးတောကျေးရွာ အနီး၊ တိုးမြစ်ကြောင်းအတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး ခွဲသား (၂၉၄)ချောင်း (၄၇.၁၁၀၈)တန်၊ မော်တော် (၂)စီး၊ တရားခံ (၇)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Thursday, November 10, 2022 - 05:45