၂-၆-၂၀၂၅ ရက်နေ့မှ ၈-၆-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၂.၈၂၁၄)တန်၊ သစ်မာ (၃၆.၈၁၅၈)တန်၊ အခြား (၄.၉၃၇၂)တန်၊ စုစုပေါင်း (၆၄.၅၇၄၄)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၅)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၄-၆-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကင်းဆိပ်ဘိနယ်၊ စပါးကြွယ်ကျေးရွာ အနောက်ဘက်နေရာများမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်လုံး/ခွဲသား/ခွဲခြမ်း စုစုပေါင်း (၄၄၃)လုံး/ချောင်း/ခြမ်း (၃၆.၃၂၄၂)တန်၊ ယာဉ် (၁)စီး၊ လွှဝိုင်း (၆)ဝိုင်း၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Tuesday, June 10, 2025 - 15:00