သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင် သင်တန်းသားမျာ ၌ ဩဂဲနစ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းစစ်ဆေး
၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့သင်တန်းသားများ စားရေရိက္ခာဖူလုံစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်၍ အဟာရပြည့်ဝသည့် ဓာတုဆေးက်င်းလွတ်စိုက်ပျိုးထားရှိသည့်သီးနှံစိုက်ခင်းအား လာရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး သင်တန်းသားများအတွက် ကျန်းမာရေးနှင့် ညီညွှတ်၍ အဟာရဓာတ်ပြည့်ဝသော စားရေးရိက္ခာဖူလုံစေရေးအတွက် ဒေသနှင့်ကိုက်ညီသည့်သီးနှံနှင့် ဟင်းသီးဟင်ရွက်များ တိုးချဲ့စိုက်ပျိုးဆောင်ရွက်ရန်၊ သင်တန်းသာများနေ့စဉ်စာသုံးရန်လိုအပ်သည့် အသီးအနှံများကို ဦးစားပေးစိုက်ပျိုးဆောင်ရွက်ရန်နှင့် ဟင်းသီးဟင်းရွက်များလေလွင့်ပျက်ရီးမှုနည်းစေရေးစနစ်တကျထုတ်ပိုးသိမ်းဆည်းရန်တို့ကိုမှာကြားခဲကြောင်းသတင်းရရှိသည်၊





