သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးသည် ပြင်ဦးလွင်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံ
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့၊ ၁၅:၀၀နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးသည် ပြင်ဦးလွင်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးရှိ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ရာ အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးနှင့် ပြင်ဦးလွင်ခရိုင်ရုံးရှိ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများ စည်းစည်းလုံးလုံးဖြင့် နိုင်ငံတာဝန်ကျေပွန်စေရေးကြိုးပမ်းဆောင်ရွက်ရန်၊ တစ်ဦးနှင့် တစဦးကူညီရိုင်းပင်းချစ်ခင်လေးစားမေတ္တာထားဆောင်ရွက်ရန်နှင့်ဝန်ထမ်းများထားရှိရမည့် စိတ်ဓာတ်နှင့်ခံယူချက်ရှင်းလင်းမှာကြားပါသည်၊ ဆက်လက်၍ ပြင်ဦးလွင်မြို့စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက်သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအားထည့်ဆောင်ရွက်ရန်တို့ကိုလမ်းညွှန်မှာကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။

