သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော တောခေါင်း (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၁၁) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော တောခေါင်း (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၁၁) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ ) 3၁-၁-၂၀၂3 ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကြီးသူ (နိုင်ငံ့ဝန် ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကြီးသူ) အမျိုးသား ဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအမှူး၏ ခွင့်ပြုချက် တင်ပြရမည်၊
( ဂ ) အခြေခံပညာအထက်တန်းအောင်မြင်သူ(အောင်လက်မှတ် မူရင်း တင်ပြနိုင်သူ) ဖြစ်ရ မည်၊
(ဃ) ကျန်းမာရေးကောင်းမွန်သူ (မိုင် ၂၀ လမ်းလျှောက်ခြင်းအားသတ်မှတ်ချိန်အတွင်း ပန်းဝင်နိုင်သူ) ဖြစ်ရမည်၊
( င ) ပြစ်မှု/ပြစ်ဒဏ် ကင်းရှင်းကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ ထောက်ခံချက် ပေးအပ်နိုင် သူ ဖြစ်ရမည်၊
(ဆ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၃)နှစ်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများ (pdf format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် [email protected] / forestadmdev @gmail.com သို့ Online စနစ်ဖြင့်ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေး ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၂၅-၁-၂၀2၃ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်-
(က) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (စစ်ဆေးသည့်အခါ အောင်လက်မှတ် မူရင်း တင်ပြနိုင်ရမည်)၊
( ခ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း၊
( ဂ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
(ဃ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း၊
၄။ ရေးဖြေစာမေးပွဲကို အထွေထွေဗဟုသုတ ဘာသာရပ်များအား စစ်ဆေးခြင်း၊ မိုင်(၂၀)အား သတ်မှတ်ချိန်အတွင်း ပန်းဝင်အောင်လမ်းလျှောက်နိုင်မှုရှိ/မရှိစစ်ဆေးခြင်း နှင့် လူတွေ့ စစ်ဆေးခြင်းတို့အား ဆောင်ရွက်မည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်နေ့ရက် အချိန်
၁ အထွေထွေ ဗဟုသုတ ၂၈-၁-၂၀၂၃(စနေနေ့) ၀၉ : ၀၀ နာရီ မှ ၁၁ : ၀၀ နာရီထိ
၅။ ရေးဖြေစာမေးပွဲဖြေဆိုမည့်နေရာ၊ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်းစီ၏ စာမေးပွဲခုံနံပါတ်၊ မိုင်(၂၀)အား သတ်မှတ်ချိန်အတွင်း ပန်းဝင်အောင်လမ်းလျှောက်နိုင်မှုရှိ/မရှိ စစ်ဆေးခြင်း နှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့် နေ့ရက်၊အချိန်၊နေရာတို့ကို သစ်တောဦးစီး ဌာန၏ Website- www.forestdepartment.gov.mm တွင် ကြေညာပေး သွားမည်ဖြစ်ပါသည်။
၆။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၇။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅403/ ၀၆၇-၃၄၀၅၁80 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာပုံစံများကို သစ်တောဦးစီးဌာန၏ https://bit.ly/3CEk6ZZ တွင် download ရယူနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Monday, January 16, 2023 - 11:15