မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေ သာစံမြို့နယ်၌ ၂၀၂၅ ခုနှစ် ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေ သာစံမြို့နယ်၊ ၂၀၂၅ ခုနှစ် ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ အမျိုးသမီး သက်မွေးအတတ်ပညာသင် ကျောင်းဝင်းအတွင်း ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းမှ ဆရာမများနှင့် ကျောင်းသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ အသင်းအဖွဲ့များ၊ စုစုပေါင်း အင်အား (၃၃၀) ဦးမှ ကျွန်း၊ ကံ့ကော်၊ စိန်ပန်း၊ ယင်းမာ၊ ခရေ၊ တပေဘူတ၊ မန်ကျည်း၊ တမာ စသည့် သစ်မျိုး (၈) မျိုး၊ စုစုပေါင်း အပင် အရေအတွက် (၃၀၀) ပင်ကို အသီးသီး စိုက်ပျိုးကြပါသည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အတူ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတွင် တပျော်တပါး စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသတင်းရရှိပါသည်။




