၉-၁-၂၀၂၃ ရက်နေ့မှ ၁၅-၁-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၈၂၆.၅၇၉၃)တန်၊ သစ်မာ (၇၇.၇၀၄၀)တန်၊ အခြား (၂၉၀.၇၉၇၈)တန်၊ စုစုပေါင်း (၁၁၉၅.၀၈၁၁)တန်၊ ယာဉ်/ ယန္တရား (၁၀)စီး၊ တရားခံ (၁၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၂-၁-၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၆၄၊ ၆၅၊ ၆၆၊ ၇၈၊ ၈၀၊ ၈၁၊ ၁၁၀၊ ၁၁၁) တို့အတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး သစ်လုံး/ ခွဲသား/ ခွဲခြမ်း/ ဖရုံစိပ်/ လုံးပတ်၃ပေအာက်သစ် (၁၀၉၀) လုံး/ ချောင်း/ ခြမ်း/ စိပ် (၂၆၀.၀၆၂၁)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, January 18, 2023 - 14:15