မြိတ်မြို့နယ် ၊ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့သစ်တော လုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
၂၆.၆.၂၀၂၅ရက်နေ့၊နံနက်(၈:၀၀)နာရီအချိန်တွင် မြိတ်မြို့နယ် ၊ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့သစ်တော လုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါ ဟောပြောပွဲကို မြိတ်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်း -၃၄ဦး၊မြိတ်တောင်ရပ်ကွက်မှ ဒေသခံပြည်သူ -၂၀ဦးစုစုပေါင်း-၅၄ဦးတက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် မြိတ်မြို့နယ်၊သစ်တောဦးစီးဌာန၊ဦးဝေယံမြင့်ချိုမှ ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ သစ်တောလုပ်ငန်းဆိုင်ရာများ၊ ပလစ်စတစ် လျှော့ချသုံးစွဲရေး၊အမှိုက်စို/အမှိုက်ခြောက်များ စနစ်တကျစွန့်ပစ်ရေး အကြောင်းအရာများဟောပြောဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူအစုအဖွဲ့လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။



