မကွေးမြို့၊ မကွေးတက္ကသိုလ်အရှေ့ဘက်၊ အောင်စေတနာရပ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ (တတိယအကြိမ်)သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

(၂၈.၆.၂၀၂၅) ရက်နေ့၊ နံနက် (၈:၀၀) နာရီတွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ (တတိယအကြိမ်)သစ်ပင်စိုက်ပျိုးပွဲတော်အား၊ မကွေးမြို့၊ မကွေးတက္ကသိုလ်အရှေ့ဘက်၊ အောင်စေတနာရပ်တွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်သီရိပျံချီ ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး၊
တိုင်းတရားသူကြီးချုပ်၊မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မကွေးတက္ကသိုလ်မှ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၇၀၀) ဦးဖြင့် တမာ(၂၀၀)ပင်၊ ခရေ(၂၀၀)ပင်၊ ပန်းမယ်ဇလီ(၁၀၀)ပင်၊ ဆီသပြေ(၅၅)ပင်၊ စိန်တံချူ(၁၂၅)ပင်၊ ကုလားကုက္ကိုလ်(၉၀)ပင်၊ မယ်ဇယ်(၈၅)ပင်၊ မယ်ဇလီ(၁၁၅)ပင်၊ ရေတမာ(၁၃၀)ပင်၊ ဖျောက်ဆိပ်(၁၀၀)ပင်၊ စုစုပေါင်း (၁၂၀၀) ပင်တို့ကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်ရည်ရွယ်၍ သစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပပြုလုပ်စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Saturday, June 28, 2025 - 15:30