သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊မူဆယ်မြို့နယ်၊ လွယ်တိန်ခမ်းဘုရားတောင်ပေါ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအားကျင်းပ
(၂၈.၆.၂၀၂၅)ရက်နေ့၊(၀၈:၀၀)နာရီအချိန်တွင်သစ်တောဦးစီးဌာန၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊မူဆယ်မြို့နယ်၊လွယ်တိန်ခမ်းဘုရားတောင်ပေါ်၌ ၂၀၂၅ခုနှစ်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအားကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊(၁၀၅)မိုင်ကုန်သွယ်ရေးညွှန်ကြားရေးမှူး၊(၁၀၅)မိုင်အကောက်ခွန်ညွှန်ကြားရေးမှူး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ပြည်သူ့စစ်အဖွဲ့ဝင်များ၊ကချင်/ရှမ်း/တအောင်း(ပလောင်)/ကရင်/ရခိုင်/လီဆူးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ဒေသခံပြည်သူများ၊ဂေါပကအဖွဲ့ဝင်များ(၃၅၀)ဦးတက်ရောက်ခဲ့ပြီး၊ချယ်ရီ၊ထင်းရှူး၊ခါတော်မှီ၊ခရေ၊မယ်ဇလီ၊ယူကလစ်၊မန်ဂျန်ရှား စုစုပေါင်း(၅၀၀)ပင်စိုက်ပျိုးခဲ့ကြပါသည်။ သစ်ပင်စိုက်ပျိုးပွဲကျင်းပပြီးစီးခြင်းအစီရင်ခံစာအား သတ်မှတ်ပုံစံဖြင့် ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်းနှင့် သတင်းမီဒီယာများတွင် ပါရှိနိုင်ရေး ခရိုင်ပြန်/ဆက်နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။






