မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ၂၈-၆-၂၀၂၄ ရက်နေ့ (၀၇း၃၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆေးဝါးတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းသား/ ကျောင်းသူများ၊ NGO အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများနှင့် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဝန်ထမ်းများ စုစုပေါင်း အင်အား(၈၀၀)ဦးဖြင့် ကျွန်း၊ ခရေ၊ မယ်ဇယ်၊ စိန်ပန်းပြာ၊ ပိတောက်၊ ရင်းမာ၊ တမာ၊ ကံ့ကော်၊ တပေဘူတ၊ ပျဉ်းကတိုး၊ သင်္ဘောတည် စသည့် သစ်မျိုး(၁၁)မျိုး၊ စုစုပေါင်း (၈၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။





