ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၅ ခုနှစ် ၊ ဇူလိုင် (၃) ရက်နေ့တွင် ကျရောက်မည့် "မြန်မာအမျိုးသမီးများနေ့" အထိမ်းအမှတ်အဖြစ်(နဝမ)အကြိမ်မြောက်ပြည်နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
(၂-၇-၂၀၂၅) ရက်နေ့ ၊ နံနက်(၀၇:၃၀)နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် "မြန်မာအမျိုးသမီးများနေ့" အထိမ်းအမှတ်အဖြစ် (နဝမ)အကြိမ်မြောက်ပြည်နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲဲ့ ၊ ဝန်ကြီးချုပ်နှင့် ဇနီး၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌများ နှင့် အဖွဲ့ဝင်များ ၊ ပြည်နယ်/ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ ကျောင်းသားများ ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ အင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ပြီးပျဉ်းကတိုး(၂၀၆)ပင်၊ တမလန်း(၂၀၇) ပင်၊ စကားဝါ(၂၀၇) ပင် ၊ ယမနေ (၂၀၀ ) ပင်၊ ရေပိတုန်း( ၁၃၀)ပင် စုစုပေါင်း (၉၅၀)ပင်အား သတ်မှတ်နေရာများတွင် တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးခဲ့သည့် သစ်ပင်စိုက်ပျိုးပွဲအပင်များ ရှင်သန်ဖြစ်ထွန်းနေမှုအားလည်း လှည့်လည်ကြည့်ရူ့စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။





